တရုတ်ပြည်နှင့် စစ်အေးတိုက်ပွဲသစ် ပြုလုပ်ခြင်းသည် “အောင်မြင်မှု ရရှိရန်နည်းကောင်း မဟုတ်ဘဲ ဘေးအန္တရာယ် ဖြစ်စေရန်အရာပင်” ဖြစ်သည်

(GMT+08:00)2022-06-15 16:54:27  

အမေရိကန် Chicago Tribune သတင်းစာ ဝက်ဘဆိုက်တွင် ယခုလ ၁၁ ရက်နေ့က “ဝါရှင်တန်သည် ပီကင်းနှင့် စစ်အေးတိုက်ပွဲ ဆင်နွှဲခဲ့ပြီ၊ ယင်းသည် ဘေးအန္တရာယ် တစ်ကြိမ်ပင် ဖြစ်သည်”  ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ခဲ့ပါသည်။

ယင်းဆောင်းပါးတွင် အမေရိကန်သည် ထိုင်ဝမ်၏ ကာကွယ်ရေးအပေါ် မရေမရာ ထားခြင်း မူဝါဒကျင့်သုံးခြင်းကို မစွန့်လွှတ်ကြောင်း ဘိုင်ဒန်အစိုးရမှ အရာရှိများက အကြိမ်ပေါင်းများစွာ ကြေညာခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် ကတော့ ပီကင်းသည် အမေရိကန် ဦးစီးသော နိုင်ငံတကာ အစီအစဉ်၏ အကြီးဆုံးသော ရန်စသူ ဖြစ်ပြီး တရုတ်ပြည်၏ အနီးတစ်ဝိုက် မဟာဗျူဟာ ပတ်ဝန်းကျင်ကို စီမံပြုလုပ် ခြင်းဖြင့် တရုတ်ပြည်၏ နိုင်ငံတကာဆိုင်ရာ ဆောင်ရွက်ချက်များကို ထိန်းချုပ်ကန့်သတ် ရမည်ဟု ရှင်းလင်း ပြတ်သားစွာ ပြောကြားခဲ့ကြောင်း၊ စစ်အေးတိုက်ပွဲ ခေတ်တုန်းက အမေရိကန်၏ ဟန့်တားရေးမဟာဗျူဟာကို တရုတ်ပြည်နှင့် အတိုက်အခံ ဆက်ဆံမှုကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းအဖြစ် အသုံးပြုခြင်းသည် ဘိုင်ဒန်တို့၏ မှားယွင်းသော လုပ်ရပ်ပင် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။