ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မပါဝင်သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား မြန်မာ အိမ်စောင့်အစိုးရ ပန်ကြားချက် ထုတ်ပြန်

(GMT+08:00)2022-06-15 16:55:40  

ဇွန်လ ၁၄ ရက်နေ့ညက မြန်မာအိမ်စောင့်အစိုးရသည်  ရုပ်မြင်သံကြားဌာနမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မပါဝင်သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံး ပါဝင်ရန်နှင့် ဇွန်လ ၃၀ ရက်နေ့မတိုင်မီ အကြောင်းပြန်ကြားရန် ပန်ကြားခဲ့သည်။

       ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်ပြီး မျက်မှောက်အချိန်တွင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆို ပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် မချုပ်ဆိုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့သည် ယခုအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်နေကြောင်း၊ ၄င်းတို့အနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့၏ အဖွဲ့လိုက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးဆုံးပြီဖြစ်ပြီး ပါတီစုံဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်တည်ဆောက်ရေးနှင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စသဖြင့်နှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြ၍ အကျိုးရလဒ်များရရှိခဲ့ကြကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။