ထိုင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၄ နှစ်အတွင်း အမြင့်ဆုံးဖြစ်နိုင်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဘဏ် သုတေသနအဖွဲ့အစည်း ဖော်ပြ

(GMT+08:00)2022-06-15 16:58:27  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံကူးသန်းရောင်းဝယ်ရေးဘဏ် သုတေသနအဖွဲ့အစည်းမှ တာဝန်ခံတစ်ဦးက ကမ္ဘာ့စွမ်းအင်ဈေးနှုန်းမြင့်တက်မှုနှင့် ကုန်ကြမ်းချို့တဲ့မှုများကြောင့် ထိုင်းနိုင်ငံသည် ကုန်ဈေးနှုန်းဆက်တိုက်မြင့်တက်မှု အခြေအနေနှင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း၊ ယခုနှစ် တတိယ ၃ လပတ်တွင် ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၄ နှစ်အတွင်း အမြင့်ဆုံးဖြစ်သွားမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။