တက္ကစီယာဉ်မောင်းက နေမကောင်းသည့်ကလေးကို ဆေးရုံသို့ အချိန်မီပို့ရန် ယာဉ်စည်းကမ်းကို ချိုးဖောက်ခဲ့သော်လည်း အပြစ်ဒဏ်မခံရ

(GMT+08:00)2022-06-15 17:02:49  

မကြာခင်က ကွေ့ကျိုးပြည်နယ် ဘီကျေမြို့ရှိ တက္ကစီယာဉ်မောင်း ကောင်းရှောင်ချွမ်းသည် သတိလစ်၊ တက်ပြီး ပါးစပ်မှာ အမြှုပ်တစီစီထနေသည့် ကလေးငယ် တစ်ဦးကို ဆေးရုံပို့ရန် တတ်နိုင်သမျှ အမြန်မောင်းသည့်တစ်ချိန်တည်းတွင် ယာဉ်ထိန်းရဲ ဌာနသို့ အကြောင်းကြားရန် ဖုန်းခေါ်ခဲ့ပါသည်။ ၄င်းက မီးနီနှစ်ခုကို ဆက်တိုက် ဖြတ်ကျော်မောင်းနှင်ပြီး ၇ မိနစ်အတွင်း ဆေးရုံသို့ ရောက်ရှိလာသဖြင့် ကလေးကို အချိန်မီ ဆေးကုသမှု ရခဲ့ပါသည်။ ယင်းနောက် ယာဉ်ထိန်းရဲဌာနက ၎င်းအတွက် ယာဉ်မောင်း စည်းကမ်း ချိုးဖောက်မှု မှတ်တမ်းများကို ပြန်လည်ရုပ်သိမ်းနိုင်သည်ကို အတည်ပြုခဲ့သည်။ အင်တာနက်အသုံးပြုသူများသည် ယင်းသဘောကောင်းသည့်  နွေးထွေးသော တက္ကစီ ယာဉ်မောင်းကို ချီးကျူးခဲ့ကြသည်။