ပါကစ္စတန်နှင့် တရုတ်တို့သည် အလွန်ကောင်းမွန်သည့် မိတ်ဆွေ ဖြစ်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဆို

(GMT+08:00)2022-06-15 17:01:53  

ဇွန်လ ၁၄ ရက်နေ့တွင် ပါကစ္စတန်ဝန်ကြီးချုပ် Shabazz Sharif သည် တရုတ်နိုင်ငံ မီဒီယာများ၏ ပူးတွဲအင်တာဗျူးကို လက်ခံခဲ့ပါသည်။

Shabazz Sharif က ပါကစ္စတန်နှင့် တရုတ်တို့သည် အလွန်ကောင်းမွန်သည့် မိတ်ဆွေ နှစ်ဦးဖြစ်သလို နှစ်ဖက်ဆက်ဆံရေးသည် အခက်အခဲများကို ကျော်လွှားပြီး လွန်ခဲ့သည့် နှစ် ၇၀ အတွင်း နှစ်နိုင်ငံသည် အေးအတူပူအမျှ အမြဲလက်တွဲ နေခဲ့ကြကြောင်း၊ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံသည် ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ အပြန်အလှန်အကျိုးရှိစေပြီး အပြုသဘောဆောင်သော တိုးတက်မှုနှင့် အောင်မြင်မှုများ ရရှိ၍ ပါကစ္စတန်နိုင်ငံအစိုးရအနေနှင့် ယင်းစီးပွားရေးစင်္ကြံကို အလွန် အလေးထားပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးပြုဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။