ဓာတ်ဆီဈေး အဆက်မပြတ်မြင့်တက်လာခြင်းကြောင့် ဆီထည့်ရန် မတတ်နိုင်တော့ဟု အာဖဂန်ပြည်သူများ ကြွေးကြော်ကြ

(GMT+08:00)2022-06-15 17:10:05  

ရုရှား-ယူကရိန်းပဋိပက္ခမှ ထိခိုက်ခြင်းကြောင့် နိုင်ငံတကာဓာတ်ဆီဈေးသည် အဆက်မပြတ် မြင့်တက်ခဲ့လာပြီး အာဖဂန်နိုင်ငံတွင် ဓာတ်ဆီဈေးလည်း သိသိ သာသာ မြင့်တက်ခဲ့ကြောင်း၊ ယခုလ ၁၄ ရက်နေ့က ကဘူးလ်မြို့တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများသည် လွန်ခဲ့သောလကထက် ၁၃.၄ ရာခိုင်နှုန်းနှင့် ၁၆.၄ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာပြီး အာဖဂန်ပြည်သူများသည် ဓာတ်ဆီဈေး မြင့်တက်လာခြင်းကို လက်ခံရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။

ကဘူးလ်ဒေသခံ ဝါကိဖ်က ဓာတ်ဆီထည့်ရန် မတတ်နိုင်တော့ကြောင်း၊ လစာ တစ်လစာသည်တောင် ဓာတ်ဆီထည့်ရန် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။