ဟန်ကျိုးစက်ရုပ် "စားဖိုမှူး" သည် ဧည့်သည်များအတွက် ဟင်းချက်ပြုတ်ပေး

(GMT+08:00)2022-06-15 17:00:01  

ယခုလ ၁၄ ရက်နေ့က ဟန်ကျိုးမြို့ ရှီးဟူကန် ရပ်ကွက်ရှိ စားသောက်ဆိုင်လေး တစ်ဆိုင်တွင် သံမဏိစက်ရုပ် "စားဖိုမှူး" သည် ဧည့်သည်များအတွက် ဟင်းချက်ပြုတ်ပေးနေသည်။ ယင်းစားသောက်ဆိုင်တွင် ယခုလောလောဆယ် ရွေးချယ်စရာ ဟင်းလျာ အမျိုး ၂၀ သာရှိသော်လည်း၊ အနီးအနားရှိ ရုံးဝန်ထမ်းများအား လာရောက် မြည်းကြည့်ရန် ဆွဲဆောင်ထားသည်။