တရုတ် Beidou လမ်းကြောင်းပြစနစ် တစ်ကမ္ဘာလုံးရှိ နိုင်ငံနှင့်ဒေသတစ်ဝက်ကျော်တွင် အသုံးပြုခဲ့ပြီ

(GMT+08:00)2022-06-15 17:19:05  

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံသည် Beidou အမှတ် ၃ တစ်ကမ္ဘာလုံးဂြိုဟ်တုလမ်းကြောင်းပြစနစ်ကို တရားဝင်ဖွင့်လှစ်ပြီးနောက် ၄င်းစနစ်ကို တစ်ကမ္ဘာလုံးရှိ နိုင်ငံနှင့်ဒေသတစ်ဝက်ကျော်တွင် အသုံးပြုခဲ့ပြီဖြစ်ပါသည်။ တရုတ် နိုင်ငံသည် Beidou လမ်းကြောင်းပြစနစ်၏ တံခါးဖွင့်မှုကို တစိုက်မတ်မတ် စွဲကိုင်ထားပြီး တရုတ်အစိုးရသည် လမ်းကြောင်းပြစနစ်ကို တစ်ကမ္ဘာလုံး မြို့ပြလေကြောင်း သုံးစွဲသူ များအား အခမဲ့အခြေခံလမ်းကြောင်းပြ ဝန်ဆောင်မှုပေးရန် ကတိပြုပါသည်။

၂၀၁၃ ခုနှစ်က မြန်မာလယ်ယာစိုက်ပျိုးရေးနယ်ပယ်တွင် Beidou တာမီနယ် အလုံးရေ ၅၀၀ ကျော်ကို အသုံးပြုခဲ့ပါသည်။ ၄င်းမှာ Beidou ကုန်ပစ္စည်းများကို အရှေ့တောင်အရှနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးအချက်အလက်များ ကောက်ယူမှု၊ လယ်ယာမြေ စီမံခန့်ခွဲရေး နယ်ပယ်တွင် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ပါသည်။