အင်ဒိုနီးရှား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ တရုတ်ဆိုင်ရာ ပြောဆိုချက်ကို ဝမ်ဝင်ပင်က တန်ဖိုးထား ချီးကျူး

(GMT+08:00)2022-06-14 14:46:25  

 ယမန်နေ့ ၁၃ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ရှန်ဂရီလာဆွေးနွေးပွဲတွင် အင်ဒိုနီးရှား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ တရုတ်ဆိုင်ရာ ပြောဆိုချက်ကို တန်ဖိုးထား ချီးကျူးခဲ့ပါသည်။ ဝမ်ဝင်ပင်က လွန်ခဲ့သည့် ၆၇ နှစ်တုန်းက အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကနိုင်ငံများက အင်ဒိုနီးရှားတွင် နာမည်ကျော်ကြားသော ဘန်ဒေါင်းညီလာခံကို ကျင်းပခဲ့ပြီး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်ကို အခြေခံပြီး ဘန်ဒေါင်းညီလာခံ မူကြီး ၁၀ ရပ်ကို တင်ပြကာ စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး ဘန်ဒေါင်း စိတ်ဓါတ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းသည် မျက်မှောက် နိုင်ငံတကာ ဆက်ဆံမှု ကိုင်တွယ် ဖြေရှင်းရေးအတွက် လက်တွေ့ကျသော အဓိပ္ပါယ်ရှိသေးကြောင်း ဖော်ပြပါသည်။