ဝမ်ယိသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးမာဟူဒါနှင့် ဗွီဒီယိုမှတစ်ဆင့် တွေ့ဆုံပွဲကျင်းပ

(GMT+08:00)2022-06-14 11:28:31  

ယခုလ ၁၃ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးမာဟူဒါနှင့် ဗွီဒီယိုမှတစ်ဆင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း၊ ဝမ်ယိက တရုတ်-နယူးဇီလန် နှစ်ဖက်တို့သည် နှစ်ပေါင်း ၅၀ကြာ အောင်မြင်မှု အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ပြီး အပြန်အလှန်ယုံကြည်မှုကို တွန်းအားပေး၍ အပြန်အလှန် အကျိုး ရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို အာရုံစူးစိုက်ကာ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးအတွက် ပိုမိုရင့်ကျက်၊ တည်ငြိမ်၊ အပြန်အလှန်အကျိုးရှိစေသောနှင့် အောင်မြင်နိုင်သော လာမည့် နှစ် ၅၀ ကို ဖန်တီးရမည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

မာဟူဒါသည် နယူးဇီလန်-တရုတ်သံတမန်ဆက်ဆံရေးထားရှိခဲ့သည့် နှစ် ၅၀ ပြည့်နှစ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသောကိစ္စရပ်ဖြစ်ပြီး နယူးဇီလန်သည် နယူးဇီလန်-တရုတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတိုးတက်ခြင်းနှင့် နှစ်ဖက်စီးပွား ကုန်သွယ်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တွန်းအားပေး နေကြောင်း၊ နယူးဇီလန်သည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ထားပြီး နယူးဇီလန်ကျင့်သုံးသည့် လွတ်လပ်သောနိုင်ငံခြားရေးပေါ်လစီကို တရုတ်နိုင်ငံက လေးစား တန်ဖိုး ထားကြောင်း ပြောကြားခဲ့သည်။