ယန်ကျယ်ချီ သည် Jake Sullivan နှင့် တွေ့ဆုံ

(GMT+08:00)2022-06-14 16:31:54  

ဒေသစံတော်ချိန် ဇွန်လ ၁၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီ သည် အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေးရာလက်ထောက် Jake Sullivan နှင့် လူဇင်ဘတ်နိုင်ငံတွင် တွေ့ဆုံခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် အခြား အတူတကွအလေးထားကြသော ပြဿနာများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ၊ နက်ရှိုင်းစွာ၊ အပြုသဘောဆောင်စွာ ဖလှယ်ပြီး နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည် ဖော်ကာ ထိတွေ့ဆွေးနွေးမှုကို အားသစ်လောင်းပေးရန်၊ အထင်လွဲမှားမှုနှင့် မှားယွင်းသော အကဲဖြတ်ခြင်းကို လျှော့ချရန်၊ သဘောကွဲလွဲမှုကို ကောင်းမွန်စွာထိန်းချုပ်ရန် သဘောတူညီမှု များရရှိခဲ့ကြပါသည်။ ဆက်သွယ်ရေးလမ်းကြောင်းကို အဆင်ပြေအောင် ထိန်းသိမ်းထား ခြင်းမှာ လိုအပ်ပြီး အကျိုးရှိကြောင်း နှစ်ဦးနှစ်ဖက်တို့က ယူဆခဲ့ကြပါသည်။

နှစ်ဦးနှစ်ဖက်တို့သည်လည်း ယူကရိန်အခြေအနေနှင့် ကိုရီးယားနျူကလီးယား ပြဿနာစသည့် နိုင်ငံတကာနှင့်ဒေသတွင်းပြဿနာများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။