ဝမ်ယိသည် ၂၀၂၂ ခုနှစ် တရုတ်၊ဂျပန်၊တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-06-14 16:28:57  

ဇွန်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိသည် ၂၀၂၂ ခုနှစ် တရုတ်၊ဂျပန်၊တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ပထဝီအနေအထားအရ နီးကပ်နေပြီး ကျယ်ပြန့်သော ဘုံအကျိုးစီးပွားရှိပြီး  အရေးကြီးသော ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်များဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ ကျော် အတွင်းတွင် သုံးနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် တွန်းအားပေးပြီး တရုတ်၊ဂျပန်၊တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့ အာရှ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ဒေသတွင်း တစ်သားတည်း ဖြစ်စဉ်ကို ဦးစီးရန် နှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို တွန်းအားပေးရန် အရေးကြီးသော ပလက်ဖောင်း ဖြစ်လာကြောင်း ၀မ်ယိက ရေးသားဖေါ်ပြထားပါသည်။