နေတိုးအတွင်းရေးမှူးချုပ် ဆွီဒင်သို့ အလည်အပတ်သွားရောက်

(GMT+08:00)2022-06-14 12:46:05  

ဒေသစံတော်ချိန် ဇွန်လ ၁၃ ရက်နေ့တွင် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Stoltenberg သည် ဆွီဒင်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့ပြီး ဆွီဒင်ဝန်ကြီးချုပ် Andersson နှင့် တွေ့ဆုံခဲ့သည်။ နှစ်ဦးနှစ်ဖက်တို့သည် ဆွီဒင်နိုင်ငံ နေတိုးသို့ ဝင်ရောက်မှုနှင့်ပတ်သက်ပြီး တူရကီ၏ ဆန့်ကျင်ခြင်းကို ဆွေးနွေးကြပါသည်။

ထိုနေ့ ညနေပိုင်းက ကျင်းပသော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် Stoltenberg က မိမိတို့သည် တူရကီ၏ စိုးရိမ်မှုများကို အလေးထားပြီး မိမိတို့၏ ရည်မှန်းချက်မှာ ယင်းပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရန်ဖြစ်သည်"ဟု ပြောကြားခဲ့သည်။

တူရကီနိုင်ငံသည် ယခင်က ဖင်လန်နှင့် ဆွီဒင်တို့အား PKK ပါတီထောက်ခံခြင်းကို စွပ်စွဲခဲ့ပြီး ၎င်းနှစ်နိုင်ငံ၏ မူဝါဒများကို မပြောင်းလဲလျှင် တူရကီက ၄င်းတို့က နေတိုးအဖွဲ့သို့ ဝင်ရောက်မှုကို ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။