ပင်လယ်နက်ကောင်းကင်တွင် နေတိုးကင်းထောက်လေယာဉ် ၆ စင်းကို တစ်ချိန်တည်း၌ တွေ့ရှိသည်ဟု ယူကရိန်းမီဒီယာများ ရေးသားဖော်ပြ

(GMT+08:00)2022-06-14 16:32:27  

ဒေသစံတော်ချိန် ဇွန်လ ၁၃ရက်နေ့က ပင်လယ်နက်အနီးတစ်ဝိုက် ကောင်းကင် တွင် နေတိုးကင်းထောက်လေယာဉ် ၆ စင်းကို တစ်ချိန်တည်း၌ တွေ့ရှိခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံ နယ်စပ်ဒေသတွင် ကင်းထောက်တာဝန် ထမ်းဆောင်သော နေတိုး စစ်လေယာဉ် အရေအတွက် စံချိန်သစ်တင်ခဲ့ကြောင်း ယူကရိန်းမီဒီယာများက ရေးသား ဖော်ပြခဲ့ကြပါသည်။

နေတိုးအဖွဲ့၏ ကင်းထောက်ရာပစ်မှတ်မှာ သေသေချာချာမသိသော်လည်း ရုရှား နိုင်ငံ၏ ရေငုပ်သင်္ဘောဖြစ်နိုင်ဖွယ်ရာရှိကြောင်း သတင်းအရ သိရပါသည်။

ယူကရိန်းနိုင်ငံ Odessa ပြည်နယ် သက်ဆိုင်ရာဌာနက လက်ရှိအချိန်တွင် ရုရှား နိုင်ငံမှ ကမ်းတက်ရေယာဉ် ၄ စင်းနှင့် ရေငုပ်သင်္ဘော ၁ စင်းတို့သည် ပင်လယ်နက် ပင်လယ်ရပ်ဝန်းတွင် တည်ရှိနေကြောင်း ဖော်ပြခဲ့ပါသည်။