အီးယူသည် ရုရှား၏ သဘာဝဓါတ်ငွေ့နှင့် ရေနံကို အများဆုံး ဝယ်ယူသူ ဖြစ်မြဲဖြစ်နေ သည်ဟု စစ်တမ်းအစီရင်ခံစာက ဖော်ပြ

(GMT+08:00)2022-06-14 13:51:19  

ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု များစွာ ချမှတ်ထားသော်လည်း ရုရှား၏သဘာဝဓါတ်ငွေ့နှင့် ရေနံကို အများဆုံးဝယ်ယူသူ ဖြစ်မြဲဖြစ်နေကြောင်း ဖင်လန်စွမ်းအင်နှင့် သန့်ရှင်းလေထုသုတေသနစင်တာက ဒေသစံတော်ချိန် ၁၃ရက် နေ့တွင် ထုတ်ပြန်သည့် စုံတမ်းအစီရင်ခံစာတစ်ရပ်အရ သိရပါသည်။

ဖင်လန်စွမ်းအင်နှင့် သန့်ရှင်းလေထုသုတေသနစင်တာ၏ စာရင်းဇယားများအရ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ရုရှားနိုင်ငံသည် သဘာဝဓါတ်ငွေ့နှင့် ရေနံလောင်စာ တင်ပို့မှုမှ ဝင်ငွေယူရို ၉၃ ဘီလီယံရရှိခဲ့ပြီး ယင်းအနက် ရေနံစိမ်းတင်ပို့မှုမှ ယူရို ၄၆ ဘီလီယံ ရရှိကာ ပိုက်လိုင်းများမှတဆင့် သဘာဝဓာတ်ငွေ့ပို့ဆောင်ခြင်းမှ ယူရို ၂၄ ဘီလီယံရရှိ၍ ကျန်တာသည် ရေနံထွက်ကုန်များနှင့် ကျောက်မီးသွေးရောင်းချမှုမှ ရရှိခြင်းဖြစ်သည်။