တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုကို ပိုမိုကောင်းမွန်သော အနာဂတ်သို့ ရှေ့ရှုသွားရန် တွန်းအား ပေးလိုသည်ဟု တရုတ်ဆို

(GMT+08:00)2022-06-14 14:47:02  

ယမန်နေ့ ၁၃ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖိလစ်ပိုင်နိုင်ငံအတွက် အရွေးခံရသော သမ္မတသစ်၏ တရုတ်ဆိုင်ရာ ပြောဆိုချက်ကို တန်ဖိုးထား ချီးကျူး ခဲ့ပါသည်။ ဝမ်ဝင်ပင်က ဖိလစ်ပိုင်နိုင်ငံသည် အမှီအခိုကင်းစွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိသော နိုင်ငံခြားရေးပေါ်လစီ စွဲကိုင်ခြင်းကို တန်ဖိုးထားချီးကျူးပြီး တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံ ဆက်ဆံမှု ပိုမို ကောင်းမွန်သော အနာဂတ်ကို ရှေ့ရှုသွားရန် တွန်းအားပေးလိုကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် အိမ်နီးချင်းကောင်းဖြစ်ပြီး နှစ်ဖက်အကြား ချစ်ကြည်ရေးဆက်ဆံမှုမှာ ရှေးပဝေသဏီ ကာလ မှစ၍ တည်ရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်များတွင် နှစ်ဖက်တို့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံဆက်ဆံမှု ကောင်မွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး နှစ်နိုင်ငံ ပြည်သူများအား လက်တွေ့ကျသော အကျိုးစီးပွားကို ဆောင်ကြဉ်းပေးလာကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။