တရုတ်ပြည်သည် အခြား WTO အဖွဲ့ဝင်များနှင့်အတူ ပလတ်စတစ် ညစ်ညမ်းမှုကို လက်တွဲ ရင်ဆိုင် ဖြေရှင်းလို

(GMT+08:00)2022-06-14 14:35:57  

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် လီချင်ကန်းက တရုတ်ပြည် သည် အခြား WTO အဖွဲ့ဝင်များနှင့်အတူ ပလတ်စတစ် ညစ်ညမ်းမှု ဖြစ်သည့် ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းလိုကြောင်း ယခုလ ၁၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ပြောကြားသည်။

ထိုနေ့က ကျင်းပခဲ့သော ၁၂ ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝန်ကြီးအဆင့် အစည်းအဝေး၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဆိုပြုချက်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် လီချင်ကန်းက ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုကို ရင်ဆိုင်ရေးအတွက် အဖွဲ့ဝင် အသီးသီးမှ အတူတကွ ကြိုးပမ်း ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း၊ တရုတ်ပြည်သည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ မူဘောင်အတွင်း အခြားအဖွဲ့ဝင်များနှင့်အတူ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ပလတ်စတစ် ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။