ဖိလစ်ပိုင် Bluesang မီးတောင် ထပ်မံပေါက်ကွဲ

(GMT+08:00)2022-06-14 14:44:30  


ယခုလ ၁၂ ရက်နေ့ နံနက် ၃ နာရီ ၃၇ မိနစ်ခန့်က ဖိလစ်ပိုင်နိုင်ငံ Sorsogon ပြည်နယ်ရှိ Bluesang မီးတောင်သည် ထပ်မံပေါက်ကွဲခဲ့ပြီး၊ အခိုးအငွေ့များ မီတာ ၁၅၀ အထိ ထွက်ခဲ့သည်။ မီးတောင်ပေါက်ကွဲမှုသည် ၁၈ မိနစ်ကြာမြင့်သည်ဟု ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ရေးရာသုတေသနဌာနမှ သတင်းအရ သိရသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၅ နာရီအထိ ပြီးခဲ့သည့် ၂၄ နာရီအတွင်း မီးတောင်ငလျင် ၁၃၆ ကြိမ် လှုပ်ခတ်ခဲ့သည်ဟု သိရသည်။