တရုတ်ထုတ် စမတ်ဖုန်း၊ စက်မှုလုပ်ငန်းသုံး စက်ရုပ်တု စသောကုန်ပစ္စည်းသစ်များ၏ ကုန်ထုတ်လုပ်မှုပမာဏသည် တစ်ကမ္ဘာလုံး ပထမဆုံးနေရာတွင် တည်ရှိသည်ဟု တရုတ် စက်မှုနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-06-14 14:50:44  

ဇွန်လ ၁၄ ရက်နေ့နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနသည် “တရုတ်နိုင်ငံ၏ ဤ(၁၀)နှစ်များ” အမည်ဖြင့် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ကျင်းပပြီးသည့်နောက်ပိုင်းတွင် စက်မှုနှင့် ဆက်သွယ်ရေး လုပ်ငန်း ဆိုင်ရာ ဖွံ့ဖြိုးရေးအောင်မြင်မှုများကို မိတ်ဆက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တရုတ်စက်မှုတိုးတက်မှုနှုန်းသည် တရုတ်ငွေယွမ် ဘီလီယံ ၂၀၉၀၀ မှ ဘီလီယံ ၃၇၃၀၀ အထိ တိုးများလာကြောင်း၊ စက်မှုတိုးတက်မှု နှစ်စဉ်တိုးတက်မှုနှုန်း ၆.၃ ရာခိုင်နှုန်းရှိပြီး အလားတူအချိန်တွင် တစ်ကမ္ဘာလုံး စက်မှု တိုးတက်မှု နှစ်စဉ်တိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းထက် ကျော်လွန် များပြားကြောင်း၊ တရုတ်ထုတ် စမတ်ဖုန်း၊ ကွန်ပျူတာ၊ တီဗီစက်၊ စက်မှုလုပ်ငန်းသုံး စက်ရုပ်တု စသော ကုန်ပစ္စည်းသစ်များ၏ ကုန်ထုတ်လုပ်မှုပမာဏသည် တစ်ကမ္ဘာလုံး ပထမဆုံးနေရာတွင် တည်ရှိကြောင်း သတင်းရရှိပါသည်။