ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် ကန်နှင့် ၄င်း၏ အနောက်နိုင်ငံမိတ်ဖက်များ၏ ပေါ်လစီများသည် ကျင့်ဝတ်မရှိဟု မက္ကဆီကိုသမ္မတဆို

(GMT+08:00)2022-06-14 11:22:21  

ဒေသစံတော်ချိန် ဇွန်လ ၁၃ ရက်နေ့က မက္ကဆီကိုသမ္မတလိုပက်ဇ်က နေ့စဉ် နံနက် သတင်းစာရှင်းလင်းပွဲတွင် ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီးသုံးသပ်ချက် ဖော်ပြခဲ့ရာ ရုရှား-ယူကရိန်းပဋိပက္ခကို ရှောင်ရှားနိုင်ဖွယ်ရာရှိကြောင်း၊ လက်နက်ကိုင် တိုက်ခိုက်မှု ကြောင့် ဖြစ်ပေါ်လာသော သေဆုံးမှုနှင့် ဖျက်ဆီးမှုများရှောင်ရှားနိုင်ဖွယ်ရာရှိကြောင်း၊ အမေရိကန်နှင့် ၄င်း၏ အနောက်နိုင်ငံမိတ်ဖက်အချို့၏ ရုရှား-ယူကရိန်းပဋိပက္ခအပေါ် ကျင့်သုံးသည့် ပေါ်လစီများသည် “လက်နက်ကိုပေးမယ်၊ ဆုံးရှုံးမှုကိုခံစားပါ”နှင့် ဆင်တူပြီး ကျင့်ဝတ်မရှိကြောင်း ပြောကြားသည်။