ကန် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးမှ တရုတ်ပြည်အား သရုပ်ပျက်အောင် လုပ်ဆောင် သော အပြောအဆိုသည် ကုန်းချောရန်တိုက်ရန် ကြောက်ဖွယ်ကောင်းသော အကြံယုတ် ဖြစ်ပြီး ဗိုလ်ကျစိုးမိုးရေးဆိုင်ရာ တကယ့်ရုပ်သွင်ကို ငေါလော ပေါ်လာစေသည်ဟု တရုတ် ဆို

(GMT+08:00)2022-06-14 14:50:06  

အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးမှ တရုတ်ပြည်အား သရုပ်ပျက်အောင် လုပ်ဆောင်သော အပြောအဆိုနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်မှ တရုတ်ပြည်အား သရုပ်ပျက်အောင် လုပ်ဆောင်သော မဟုတ်မမှန်သတင်းများကို အကြိမ်အကြိမ်အခါခါ ပျံ့နှံ့အောင်လုပ် ခြင်းသည် အမေရိကန်၏ ကုန်းချောရန်တိုက်ရန် ကြောက်ဖွယ်ကောင်းသော အကြံယုတ် ဖြစ်ပြီး ဗိုလ်ကျစိုးမိုးရေးဆိုင်ရာ တကယ့်ရုပ်သွင်ကို ငေါလောပေါ်လာ စေကြောင်း ၁၃ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အလေးထားပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံသည် အရှေ့ပင်လယ်၊ တောင်ပင်လယ် စသော နယ်မြေနှင့် ပတ်သက်၍ ပိုမိုခြိမ်းခြောက် အကျပ်ကိုင်ပြီး တိုက်ခိုက်မှုသဘောရှိကြောင်း၊ ထိုင်ဝမ်ရေလက်ကြား၏ အန္တရာယ်သည် အလွန်ပေါ်လွင်လာကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ရှန်ဂရီလာ ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။