အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00)2022-06-14 11:21:32  

ဒေသစံတော်ချိန် ဇွန်လ ၁၃ ရက်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်သည် ထိုင်းနိုင်ငံ၌ ခရီးလှည့်လည်ခဲ့ရာ ထိုင်းဝန်ကြီးချုပ်ပရာယွတ်နှင့် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ရာ အော်စတင်၏ ယခုအကြိမ် ထိုင်းခရီးစဉ်သည် ၄င်းက နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး တာဝန် ထမ်းဆောင်ပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် ထိုင်းခရီးစဉ်ဖြစ်ကြောင်း ပြောကြားသည်။