သံတမန်ဆက်ဆံမှုထားရှိသည့် နှစ် ၂၀ ပြည့်မြောက်ခြင်းဖြင့် တရုတ်-အရှေ့တီမော ဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးမည်ဟု အရှေ့တီမောဆိုင်ရာ တရုတ်သံအမတ်ကြီးဆို

(GMT+08:00)2022-06-14 14:45:25  

ယခုနှစ်သည် တရုတ်-အရှေ့တီမော သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၂၀ ပြည့်နှစ် ဖြစ်သည်။ အရှေ့တီမောဆိုင်ရာ တရုတ်သံအမတ်ကြီးရှောင်ကျန့်ကိုက တရုတ်- အရှေ့တီမော သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၂၀ အတွင်း နှစ်ဖက်ဆက်ဆံမှုသည် အစဉ်တစိုက် ရှင်သန်တည်ငြိမ်စွာ တိုးတက်လာပြီး၊ နိုင်ငံကြီး၊ နိုင်ငံငယ်အကြား တန်းတူ ရည်တူရှိပြီး၊ အပြန်အလှန်ထောက်ခံကာ၊ ပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးအမြတ် ရရှိ ကြသည့် စံပြဖြစ်လာပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့အနေနှင့် သံတမန်ဆက်ဆံမှု ထားရှိသည့် နှစ်၂၀ ပြည့်မြောက်ခြင်းဖြင့် တရုတ်-အရှေ့တီမော ဆက်ဆံရေးအတွက် ပိုမို ကောင်းမွန်သော အနာဂတ်ကို ဖန်တီးသွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။