အာရှပစိဖိတ်နွယ်ဖွားများ ပြတိုက်တည်ထောင်ရန် ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး

(GMT+08:00)2022-06-14 13:52:36  

အမေရိကန်သမ္မတဘိုင်ဒင်သည် ဇွန်လ ၁၃ ရက်နေ့က အာရှပစိဖိတ် နွယ်ဖွားများ အမေရိကန်သမိုင်းနှင့်ယဉ်ကျေးမှု အမျိုးသားပြတိုက်တည်ထောင်ခြင်း လေ့လာရန် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့သည်။ သမ္မတ ဘိုင်ဒင်က အဆိုပါပြတိုက်တည်ထောင်ခြင်းသည် အသိပညာပေးရေးနှင့် စိတ်အားထက်သန်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း  ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Capitol Hill သတင်းစာမှ သတင်းအရ အဆိုပါဥပဒေကြမ်းအား နယူးယောက်မှ တရုတ်နွယ်ဖွားဖြစ်သည့် ဒီမိုကရက်တစ် ပါတီဝင် အောက်လွှတ်တော် အမတ်Grace Meng နှင့် ဟာဝါအီ ပြည်နယ်ဒီမိုကရက်တစ် ပါတီဝင် အထက်လွှတ်တော် အမတ်Mazie Hirono တို့မှ ကမကထပြု ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။