အမေရိကန်သည် နို့မုန့် ၈၆ တန်ကို အရေးပေါ် ထပ်မံ တင်သွင်း

(GMT+08:00)2022-06-14 14:39:11  

အမေရိကန်ရှိ အကြီးဆုံး နို့မုန့် ကုမ္ပဏီဖြစ်သည့် Abbott ကုမ္ပဏီက ထုတ်ကုန် လုံခြံရေး ပြဿနာကြောင့် စက်ရုံ ပိတ်ထားခဲ့သည့် နောက်ပိုင်းတွင် အမေရိကန်၏ နို့မုန့် ချို့တဲ့မှု ပြဿနာသည် တစ်နေ့တခြား ဆိုးရွားလာသည်။ ယခုလ ၁၃ ရက်နေ့က သြစတြေးလျမှ တင်သွင်းသည့် နို့စို့ကလေးများအတွက် နို့မုန့် စုစုပေါင်း ၈၆ တန်သည် အမေရိကန် လိုစ်အိန်ဂျလိစ်သို့ ပို့ဆောင် ရောက်ရှိခဲ့သည်။ ယင်းသည် နို့မုန့် ချို့တဲ့မှု ပြဿနာ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အမေရိကန်က ပင်လယ်ရပ်ခြားမှ တင်သွင်းသည့် စတုတ္ထ အသုတ် နို့စို့ကလေးအတွက် နို့မုန့် ဖြစ်သည်။

နို့စို့ကလေးနှင့် ကလေး နို့မုန့် စက်ရုံများအပေါ် အမေရိကန် စားနပ်ရိက္ခာနှင့် ဆေးဝါး စီမံကွပ်ကဲရေး ဌာနမှ ကြီးကြပ်ကွပ်ကဲမှုတွင် ထိရောက်စွာ ဆောင်ရွက်ခြင်း မရှိခြင်းကြောင့် အမေရိကန် တစ်ပြည်လုံးတွင် ယခုကဲ့သို့ နို့မုန့် အကျပ်အတည်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ၁၃ ရက်နေ့က အမေရိကန် မီဒီယာက ဖော်ပြသည်။