တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၃ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅ ခုအား ကိုဗစ်-၁၉ ကာကွယ်ဆေး ၂.၂ ဘီလီယံ ဖြန့်ဖြူးပေး

(GMT+08:00)2022-06-14 12:46:45  

ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနသည် “တရုတ်ပြည်၏ ဆယ်နှစ်” ဆောင်ပုဒ်ဖြစ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကျင်းပခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် သတင်း အချက်အလက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ရှင်းလင်းမိတ်ဆက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားပါသည်။

၂၀၂၂ ခုနှစ် မေလအထိ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၃ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၅ ခုအား အကာအကွယ်ဝတ်စုံ ၄.၆ ဘီလီယံ၊ လူပေါင်း ၁၈ ဘီလီယံကို စမ်းသပ်နိုင်သော testing kits များ၊ နှာခေါင်းစည်းဘီလီယံ ၄၃၀ ကျော်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂.၂ ဘီလီယံ အပါအဝင် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများကို ဖြန့်ဖြူးပေးခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။