ပါကစ္စတန် Quetta မြို့တွင် အကြမ်းဖက်သမားတစ်ဦး ဖမ်းဆီးရမိ

(GMT+08:00)2022-06-13 13:32:52  

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက မော်တော်ဆိုင်ကယ်တွင် ဗုံးထောင်ထားသော အကြမ်းဖက် သမားတစ်ဦးကို စစ်ဆေးရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသစံတော်ချိန် ဇွန်လ ၁၂ ရက် နေ့က ပြောကြားခဲ့ပါသည်။

စုံစမ်းစစ်ဆေးမှုအရ ၄င်းအကြမ်းဖက်သမားပါဝင်သော အကြမ်းဖက်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးပါဝင်ပြီး တရားရုံး၊ ရဲတပ်ဖွဲ့နှင့် နယ်စောင့်တပ်ဖွဲ့စသည့် အရေးကြီးဌာနများအား အလစ်ဝင်တိုက်ခိုက်ရန် ကြံစည်နေပါသည်။ ၄င်းအကြမ်းဖက်အဖွဲ့သည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က Serena ဟိုတယ်ကားပါကင်တွင် အသေခံဗုံးဖောက်ခွဲမှုအပါအဝင် အသေခံဗုံးဖောက်ခွဲမှုများစွာကို ပါဝင် ဆောင်ရွက် ခဲ့ပါသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ၄င်းအကြမ်းဖက်သမား၏ အပေါင်းအဖော်များကို ရှာဖွေ ဖမ်းဆီးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။