RCEP အာဏာတည်ခဲ့သည်မှာ လများစွာရှိပြီ၊ အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အကျိုးသက်ရောက်မှု တဖြည်းဖြည်း ပေါ်လွင်လာ

(GMT+08:00)2022-06-13 13:30:38  

ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုစာချုပ်(RCEP) ယခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ အာဏာတည်လာခဲ့ပြီးနောက် ပိုများသော တရုတ်ပြည်တွင်းပြည်ပမှ ကုမ္ပဏီများသည် မူဝါဒဆိုင်ရာ အကျိုးကို ခံစားလာရသောကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အကျိုးသက်ရောက်မှုသည် တဖြည်းဖြည်း ပေါ်လွင် လာကြောင်း၊ ကုန်သေတ္တာတစ်ခုခုသည် အခွန်နိမ့်ရုံသာမကဘဲ အခွန်မရှိသော ကုန်ပစ္စည်း များကို သယ်ဆောင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ကူးပြောင်းလှည့်လည်၍ သက်ဆိုင်ရာ ကုမ္ပဏီများအတွက် အကျိုးဆောင်ကြဉ်းလာကာ သက်ဆိုင်ရာနိုင်ငံများမှ စားသုံးသူ များအား ပိုများသော အရည်အချင်းကောင်း၊ ဈေးနှုန်းသက်သာသော ကုန်ပစ္စည်းကို ခံစားစေနိုင်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။