Sanxingdui ရှေးဟောင်းအမွေအနှစ်များ တူးဖော်ရာတွင် ရှေးဟောင်းပစ္စည်း ၁၃၀၀၀ ခန့် အသစ်တွေ့ရှိ

(GMT+08:00)2022-06-13 13:25:00  

ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စီချွမ်းပြည်နယ် ရှေးဟောင်းသုတေသနဌာနသည် Sanxingdui ပြတိုက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ Sanxingdui အပျက်အစီးနေရပ်အကြွင်း ဆိုင်ရာ အောင်ကျိုးရလဒ်သစ်များကို ကြေညာခဲ့သည်။ ယခုအထိ ပူဇော်ဇုန်ကို အခြေခံအားဖြင့် အတည်ပြုပြီ ဖြစ်ပြီး ပူဇော်ဇုန်၌တွေ့ရှိသော Shang မင်းဆက်ခေတ်က အပျက်အစီး ရှေးဟောင်းပစ္စည်းများသည် ပူဇော်မှုနှင့် သက်ဆိုင်ပြီး ဧရိယာအကျယ်အဝန်းမှာ စတုရန်းမီတာ ၁၃၀၀၀ ခန့်ရှိကာ ရှေးဟောင်းအမွေအနှစ်တွင်း ၆ ခုထဲတွင် ရှေးဟောင်းပစ္စည်း ၁၃၀၀၀ ခန့် တွေ့ရှိပြီး ၄င်းတို့အနက် ၃၁၅၅ ခုတို့သည် အတော်လေး ပြည်စုံကြောင်း သတင်းအရ သိရပါသည်။