ယူကရိန်းမှ စားနပ်ရိက္ခာများ ပို့ဆောင်မှု ခက်ခဲနေသည်

(GMT+08:00)2022-06-13 13:36:48  

ရုရှား-ယူကရိန်းပဋိပက္ခ ပြင်းထန်လာခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုအပေါ် စိုးရိမ်မှုပြင်းထန်လာစေခဲ့သည်။ ယခုရက်များတွင် ယူကရိန်း စားနပ်ရိက္ခာ တင်ပို့ရောင်းချမှု ပြန်လည်ထားရှိရေးဆိုင်ရာများသည် ကျယ်ပြန့်သော အာရုံစိုက်မှု ခံခဲ့ရသည်။ ပိုလန်နှင့် ရိုမေးနီးယားတို့မှတစ်ဆင့် စပါးတင်ပို့ရန် လမ်းကြောင်း ၂ကြောင်းကို ယူကရိန်းက ထူထောင်ထားပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် ပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသဖြင့် ထောက်ပံ့မှုကွင်းဆက် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ယူကရိန်းအစိုးရအရာရှိက ယခုလ ၁၂ ရက်နေ့က ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။