ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးသည် သော့ချက်ကျသော အကြောင်းအရာများကို အာရုံစိုက်

(GMT+08:00)2022-06-13 13:31:47  

ဇွန်လ ၁၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗါ၌ ၄ ရက်ကြာ ကျင်းပမည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးကို စတင် ကျင်းပခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပညာမူပိုင်ခွင့် ကင်းလွတ်ခွင့်၊ ရောဂါကို ရင်ဆိုင်ဖြေရှင်းမှု၊ လယ်ယာစိုက်ပျိုးရေး၊ စားနပ်ရိက္ခာလုံခြုံရေး နှင့် WTO ပြုပြင်ပြောင်းလဲမှု စသောအကြောင်းအရာများနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးမည် ဖြစ်ကြောင်း၊ WTO အနာဂတ်လုပ်ငန်း စသောအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်းလည်း ဆင်ဟွာသတင်းအရ သိရပါသည်။

WTO သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပညာမူပိုင်ခွင့် ကင်းလွတ်ခွင့်၊ ရောဂါကို ရင်ဆိုင်ဖြေရှင်းမှု၊ လယ်ယာစိုက်ပျိုးရေး၊ စားနပ်ရိက္ခာလုံခြုံရေးစသော အရေးကြီး အကြောင်းအရာများအပေါ် မူကြမ်းစာတမ်းများကို ရရှိပြီဖြစ်ပြီး ယခုအကြိမ် အစည်းအဝေးတွင် ပိုများသော အောင်ကျိုးရလဒ်များကို တတ်နိုင်သမျှ ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း WTO ဒါရိုက်တာချုပ် အီဗီလာက ပြောကြားပါသည်။