McDonald's သည် ရုရှားဈေးကွက်မှ နုတ်ထွက်ပြီး ရုရှားသည် စားသောက်ဆိုင် တံဆိပ်သစ်နှင့်အစားထိုး

(GMT+08:00)2022-06-13 13:29:05  

၁၂ ရက်နေ့တွင် ရုရှားရှိ ပထမအသုတ် မူလ McDonald's ဆိုင် ၁၅ ဆိုင်ကို "Only Delicious" ဟု အမည်ပြောင်းကာ ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရုရှား-ယူကရိန်း ပဋိပက္ခမဖြစ်ပွားမီက McDonald's စားသောက်ဆိုင်သည် ရုရှားနိုင်ငံတွင် ဆိုင်ခွဲပေါင်း ၈၅၀ ကိုပိုင်ဆိုင်ခဲ့ကြောင်း၊  ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် McDonald’s သည် မေလတွင် ရုရှားဈေးကွက်မှ နုတ်ထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။