ကန်အနယ်နယ်အရပ်ရပ်တွင် ပြည်သူလူထုစုဝေးပွဲများကိုကျင်းပပြီး အစိုးရအား သေနတ် အကြမ်းဖက်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် တောင်းဆို

(GMT+08:00)2022-06-13 13:33:34  

အမေရိကန်နိုင်ငံတွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုသည် ဇွန်လ ၁၁ ရက်နေ့က ဆန္ဒပြစုဝေးပွဲများကိုကျင်းပပြီး အစိုးရနှင့် နိုင်ငံရေးသမားများအား သေနတ်အကြမ်းဖက်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်၊ ကလေးသူငယ်များ၏ အသက် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မှု အားသစ်လောင်းပေးရန် တောင်းဆိုခဲ့ကြပါသည်။ စုဝေးပွဲများကို ဝါရှင်တန်၊ နယူးယောက်နှင့် ချီကာဂိုအပါအဝင် နေရာ ၄၅၀ ကျော်တွင် ကျင်းပခဲ့သည်ဟု စုဝေးပွဲစည်းရုံးကျင်းပရေးအဖွဲ့က မိတ်ဆက်ပြောကြားခဲ့ပါသည်။

အမေရိကန် သေနတ်အကြမ်းဖက်မှု ဖိုင်တွဲဝက်ဘ်ဆိုက်မှ နောက်ဆုံးထုတ် စာရင်းအရ ယခုနှစ်တွင် အမေရိကန်နိုင်ငံတွင် လူ ၄ ဦးထက်မနည်း သေဆုံးစေသည့် သေနတ်ပစ်ခတ်မှု ၂၅၆ ကြိမ် ဖြစ်ပွားပြီး ဥပဒေအရ အရွယ်မရောက်သေးသူ ၇၃၅ ဦး အပါအဝင် လူ ၁သောင်း ၉ထောင်ကျော် သေနတ်အကြမ်းဖက်မှုကြောင့် သေဆုံး ခဲ့ပါသည်။ ၄င်းထဲတွင် အသက် ၁၂ နှစ် အရွယ်မရောက်သေးသူ ၁၅၈ ဦး ပါဝင်ပါသည်။