ရှီကျင့်ဖိန်သည် Dagong သတင်းစာ စတင်ပုံနှိပ်ထုတ်ဝေသည့် နှစ် ၁၂၀ ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-06-13 10:50:21  

ဟောင်ကောင် အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ ကျရောက်တော့မည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၁၂ ရက်နေ့က Dagong သတင်းစာ စတင်ပုံနှိပ်ထုတ်ဝေသည့် နှစ် ၁၂၀ ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ရာ ခေတ်ကာလသစ်၌ လူ့ဘောင်အဖွဲ့အစည်းများတွင် သဘောတူညီမှု ရရှိရန်၊ ဟောင်ကောင်လူမှုရေး တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန်၊ ဟောင်ကောင်နှင့် ပြည်မကြီးအကြား ကူးလူးဖလှယ်မှုကို တိုးပွားစေရန်အတွက် Dagong သတင်းစာ၏ အကျိုးပြု စွမ်းဆောင်မှုများကို အပြည့်အဝ အတည်ပြုကြောင်း ဖော်ပြသည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ဟောင်ကောင်၊ မကာအို ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထိုနေ့က ပြောကြားသည်။