အနောက်ဘက်ပင်လယ်ရပ်ဝန်းဒေသသို့ မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားဖော်ပြ

(GMT+08:00)2022-06-13 13:35:10  

 ဒေသစံတော်ချိန် ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၇ မိနစ်မှ ၁၁ နာရီ ၃ မိနစ်ခန့်တွင် မြောက်ကိုရီးယားနိုင်ငံက အနောက်ဘက် ပင်လယ်ရပ်ဝန်းဒေသသို့ ဒုံးကျည် ၅ လုံးကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဦးစီးဌာနချုပ်က ၁၂ ရက်နေ့က ဖော်ပြခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံတော် လုံခြုံရေးဌာနက ၁၂ ရက်နေ့ညက အရေးပေါ်အစည်းအဝေး ကို ကျင်းပခဲ့ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပါသည်။