တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေးအတိုင်းအတာသည် လျင်မြန်စွာ ကြီးထွားလာသည်

(GMT+08:00)2022-06-13 13:22:44  

၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပ ပြီးနောက် တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေးအတိုင်းအတာသည် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး မြို့ပြလေကြောင်းခရီး လည်ပတ်မှုမှာ တစ်နိုင်ငံလုံး အလုံးစုံ သယ်ယူ ပို့ဆောင်ရေး စနစ်၏ ၃၃.၁ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၂၈ ခုနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတကာ လေကြောင်းလိုင်း ၈၉၅ လိုင်းကို ဖွင့်လှစ်ခဲ့သည်။

လွန်ခဲ့သည့် ဆယ်နှစ်အတွင်း တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းသည် သယ်ယူပို့ဆောင်ရေးလေဆိပ် ၈၂ ခုကို အသစ်တည်ဆောက် သို့မဟုတ် ပြောင်းရွှေ့တည်ဆောက်ခဲ့ပြီး ယခု လေဆိပ်စုစုပေါင်း ၂၅၀ သို့ ရောက်ရှိသွားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ လေဆိပ်များ ဒီဇိုင်းဆွဲထားသော စုစုပေါင်းပမာဏသည် ခရီးသည် ၁.၄ ဘီလီယံကျော်ကို ပို့ဆောင်နိုင်ပြီး လေကြောင်းလိုင်းအသစ် ၃၀၀၀ ကျော် တိုးများကာ လေကြောင်းလိုင်းစုစုပေါင်း ၅၅၈၁ လိုင်း ရှိပါသည်။