အကျပ်အတည်းမျိုးစုံနှင့် ကမ္ဘာရင်ဆိုင်နေရသေးပြီး ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်းကို တင်းမာလာစေသည်ဟု WTO ဒါရိုက်တာချုပ်ဆို

(GMT+08:00)2022-06-13 13:34:32  

ဒေသစံတော်ချိန် ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၁၂ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ဒါရိုက်တာချုပ် အီဗီလာက ယခုအကြိမ် အစည်းအဝေးကို အဆင်ပြေ ချောမောစွာကျင်းပနိုင်မည်မဟုတ်ဘဲ စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်သွားရမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အီဗီလာက တစ်ကမ္ဘာလုံးသည် ရုရှား-ယူကရိန်း ပဋိပက္ခ အပါအဝင် နိုင်ငံတကာလုံခြုံမှုဆိုင်ရာ အကျပ်အတည်းများ၊ ကျန်းမာရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပထ၀ီဆိုင်ရာ နိုင်ငံရေး အကျပ်အတည်းများစသည့် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရကြောင်း၊ ဘက်ပေါင်းစုံဝါဒ၏ ထိရောက်မှု၊ နိုင်ငံတကာ မိသားစုကြီးနှင့် ၎င်း၏ ပြည်သူများကို WTOသည် ဝန်ဆောင်မှုပေးနိုင်ကြောင်းနှင့် ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းရေးသည် အများပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ပြသထားရန် အချိန်တန်ပြီဖြစ်ပါကြောင်း ဖော်ပြပါသည်။