ပါတီနှစ်ခုက လွှတ်တော်အမတ်များ တင်ပြထားသည့် သေနတ်ဘေးကင်းရေး ပြုပြင် ပြောင်းလဲမှု ဥပဒေကြမ်းကို လျင်မြန်စွာ လက်မှတ်ရေးထိုးရန်မျှော်လင့်သည်ဟု ဘိုင်ဒန် ဆို

(GMT+08:00)2022-06-13 13:27:10  

ဇွန်လ ၁၂ ရက်နေ့တွင် အမေရိကန်သမ္မတဘိုင်ဒန်က ၄င်းသည် ထိုနေ့အစောပိုင်းတွင် ပါတီနှစ်ခုမှ လွှတ်တော်အမတ်များက တင်ပြထားသည့် သေနတ် ဘေးကင်းရေး ပြုပြင်ပြောင်းလဲမှုဥပဒေကြမ်းကို လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်ဟု ပြောပါသည်။

ဘိုင်ဒန်သည် ကြေညာချက်တစ်ရပ်တွင် ယင်းဥပဒေပြုခြင်းသည် နှစ်ဆယ်ပေါင်းများစွာ အတွင်း လွှတ်တော်မှ အတည်ပြုသည့် အရေးအကြီးဆုံး သေနတ် ဘေးကင်းရေးဆိုင်ရာ ဥပဒေပြုခြင်း ဖြစ်ကြောင်း ဖော်ပြပါသည်။

ဘိုင်ဒန်က ယင်းဥပဒေကြမ်းသည် မိမိမျှော်မှန်းထားသည့်အဆင့်သို့ မရောက်သေး သော်လည်း မိမိတို့ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိရန် အရေးကြီးသည့် ခြေလှမ်း တစ်လှမ်းဖြစ်သည်ကို ပြသနိုင်ကြောင်း၊ ပါတီနှစ်ခုမှ ထောက်ခံမှုဖြင့် သေနတ် ဘေးကင်းရေးဥပဒေကို အတည်ပြုခြင်းက နှောင့်နှေးစရာအကြောင်းမရှိပါကြောင်း ပြောပါသည်။