စားနပ်ရိက္ခာ ဖြန့်ဖြူးမှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် စားနပ်ရိက္ခာ လုံခြုံရေး အစီအစဉ်ကို ဗြိတိန်ထုတ်ပြန်

(GMT+08:00)2022-06-13 13:28:03  

 ဗြိတိန်နိုင်ငံသည် ဇွန်လ ၁၃ ရက်နေ့တွင် စားနပ်ရိက္ခာလုံခြုံရေး အစီအစဉ်သစ်ကို ထုတ်ပြန်ခဲ့ကြောင်း ၊ လယ်ယာစိုက်ပျိုးရေးထုတ်လုပ်မှုကို အားသစ်လောင်းပေး ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆန်းသစ်တီထွင်ရေးတွင်  အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာခြင်းဖြင့်  ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် နိုင်ငံတွင်း စားနပ်ရိက္ခာ ဖြန့်ဖြူးမှု အကျပ်အတည်းနှင့် စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်လာခြင်းကို ရင်ဆိုင် ကိုင်တွယ်မည် ဖြစ်ကြောင် China Media Group မှ သတင်းအရ သိရပါသည်။

အဆိုပါ အစီအစဉ်တွင် ၂၀၂၉ ခုနှစ်မတိုင်မီ အစိုးရသည် ပေါင်သန်း ၂၇၀ ကို လယ်ယာစိုက်ပျိုးရေးနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် သုတေသနအစီအစဉ်များတွင် ထည့်သွင်းရန် ပါဝင်ကြောင်း သတင်းရရှိပါသည်။