ကွမ်ရှီး ပေဟိုင်၌ ရေလွှမ်းမိုးမှု ဖြစ်ပွား၊ ရဲတပ်ဖွဲ့က အရေးပေါ် ကယ်ဆယ်

(GMT+08:00)2022-06-12 15:05:50  

ဇွန်လ ၁၁ ရက်နေ့တွင် တရုတ်ပြည် ကွမ်ရှီး ပေဟိုင်မြို့ ထုံရှင်ရွာ၌ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပါသည်။ ဒေသခံ ရဲတပ်ဖွဲ့သည် ဘေးသင့်ရာသို့ အမြန်ဆုံး သွားရောက်ပြီး ကယ်ဆယ်မှုများကို ပြုလုပ်ခဲ့သည်။ ၁၁ ရက်နေ့ ညနေ ၆ နာရီ အထိ ဘေးသင့် ပြည်သူ ၃၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် စနစ်တကျ ဆောင်ရွက်နေသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။