“မုသားစကား ဖန်တီးသူ” Adrian Zenz ရဲ့အစီရင်ခံစာအတု

(GMT+08:00)2022-06-11 15:31:14  

 အမေရိကန်ရဲ့ “ဝေဂါလူမျိုးအား အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်း” အာဏာတည်တော့မှာ ဖြစ်ခြင်းနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့အတွက် “မုသားစကား ဖန်တီးသူ” နဲ့ နာမည် ကျော်ကြားတဲ့ Adrian Zenz ဟာ မကြာခင်က နောက်ထပ်တစ်ကြိမ် တင်ဆက်မှု ပြုလုပ်ပြီး အစီရင်ခံစာ တစ်ရပ်ကို ရေးသားဖန်တီးကာ တရုတ်နိုင်ငံက “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း”ရဲ့ နယ်ပယ်နဲ့ အတိုင်းအတာကို တိုးချဲ့နေတယ်လို့ မဟုတ်မမှန် ဆိုခဲ့တယ်။

   “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း” ဆိုတာ ဘာလဲ။ ကမ္ဘာ့လုပ်သားများအဖွဲ့ရဲ့ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်းဆိုင်ရာ စာချုပ်အရ၊ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်းဟာ ဒဏ်ခတ် ခြိမ်းခြောက်တဲ့နည်းလမ်းနဲ့ သူများကို ကိုယ်လုပ်ချင်တာ မဟုတ်တဲ့ အလုပ်ကို အတင်းအဓမ္မ လုပ်ခိုင်းတာ ဖြစ်တယ်။ အဲဒီ စံချိန်စံနှုန်း သတ်မှတ်ချက်အရ ပြောမယ် ဆိုရင် ရှင်းကျန်းမှာ  “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း” ဆိုတဲ့ ပြဿနာ လုံးဝ မရှိဘဲ ချမ်းမြေ့တဲ့ဘဝ လိုချင်တဲ့ အကြောင်းဖြစ်ရပ်တွေပဲ ရှိပါတယ်။

   ဒီလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းကျန်း နယ်သား ၁၀ ကျော်တို့က လိုက်ဖ်လွှင့်ခြင်းနဲ့ နိုင်ငံတကာ မိသားစုကြီးအား သူတို့ရဲ့ နေထိုင်မှုဘဝနဲ့ အလုပ်လုပ်ပုံကို ထုတ်လွှင့်ခဲ့ကြပါတယ်။ ရှန့်ရှန့် ခရိုင်မှာ လယ်သူမ မအီလိုင် လေတီပူက သခွားမွှေးသီး ဆွတ်ခူး ပို့ဆောင်ပုံကို လိုက်ဖ်လွှင့်ပြီး ဒီနှစ်မှာ သခွားမွှေးသီး ထုတ်လုပ်မှု တန်ချိန် ၁ သိန်း ၅ သောင်း ရှိမှာ ဖြစ်ပြီး အခု တစ်ပြည်လုံး ဒေသအရပ်ရပ်သို့ ပို့ဆောင် ရောင်းချနေတယ်လို့ ပျော်ပျော်ရွှင်ရွှင် ရှင်းလင်းပြောဆိုခဲ့ပါတယ်။