စီချွမ်းပြည်နယ် ငလျင်ဖြစ်ပွားရာသို့ မီးသတ်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိ

(GMT+08:00)2022-06-11 15:35:54  

ဇွန်လ ၁၀ ရက်နေ့တွင် စီချွမ်းပြည်နယ်  မာရခန်၌ ရစ်ခ်ျတာစကေး ၆.၀ အဆင့် ငလျင် လှုပ်ခတ်ခဲ့ကြောင်း၊ မီးသတ်အဖွဲ့များသည် ဆော်ဒိန်ရွာရှိ ဗဟိုချက်မ နေရာသို့ ရောက်ရှိပြီး ကယ်ဆယ်မှုများ ပြုလုပ်နေခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

   မီးသတ်အဖွဲ့သည် လမ်းများ အရေးပေါ် ပြုပြင်ပြီး လမ်းပိတ်ဆို့မှုများကို ဖယ်ရှားကာ အသုတ်၃သုတ်ခွဲ၍ ငလျင်ဗဟိုချက်မနေရာသို့ ခြေလျင်လျှောက်သွားရောက် ခဲ့ကြပါသည်