တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်ပြည်အနေနှင့် ဈေးကွက်နှင့် လိုက်လျောညီထွေရေး၊ တရားဥပဒေနှင့်အညီ စီမံအုပ်ချုပ်ရေးနှင့် နိုင်ငံတကာကုန်စည်စီးဆင်းမှုရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက်ဖန်တီးခြင်းဖြင့် ဥရောပသမဂ္ဂနိုင်ငံများ အပါအဝင် တရုတ်ပြည်ရှိ နိုင်ငံခြားလုပ်ငန်း ကုမ္ပဏီများအား ပိုမိုများပြားသော အခွင့်အလမ်းများကို ပိုပေးသွားမည်ဖြစ်ကြောင်း ယခုလ ၉ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။
တရုတ်ပြည်သည် ဈေးကွက်နှင့် လိုက်လျောညီထွေရေး၊ တရားဥပဒေနှင့်အညီ စီမံအုပ်ချုပ်ရေးနှင့် နိုင်ငံတကာကုန်စည်စီးဆင်းမှုရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက်ဖန်တီးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား
(GMT+08:00)2022-06-10 15:28:00