ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးအတွက် တရုတ်သည် အားကောင်းသည့် တွန်းအားပေးမှု ထည့်ပေးနိုင်

(GMT+08:00)2022-06-10 14:20:18  

ကမ္ဘာ့ဘဏ်မှ နောက်ဆုံးထုတ် တရုတ်စီးပွားရေးဆိုင်ရာ အကျဉ်းချုပ် ပြန်တမ်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က ပြည်တွင်းပြည်ပမှ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ခြေလှမ်းမှန်မှန်ဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးအတွက် အားကောင်းသည့် တွန်းအားပေးမှုကို ထည့်ပေးကာ ပိုမိုများပြားသော တရုတ်အင်အားကို ထည့်ပေးမည် ဖြစ်ကြောင်း ဇွန်လ ၉ရက်နေ့က ပြောကြားခဲ့ပါသည်။

ဇွန်လ ၈ ရက်နေ့က ကမ္ဘာ့ဘဏ်မှ နောက်ဆုံးထုတ် တရုတ် စီးပွားရေးဆိုင်ရာ အကျဉ်းချုပ် ပြန်တမ်းတွင် ယခုနှစ် ပထမ သုံးလပတ်၌ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ အင်အားတောင့်တင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒ စသည့် စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် မူဝါဒများကိုကျင့်သုံးခြင်းကြောင့် လာမည့်ဒုတိယနှစ်ဝက်ပိုင်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ နာလန်ပြန်ထူရန် ရှေ့အလားအလာ ရှိကြောင်းဖော်ပြပါသည်။