ပဉ္စမအကြိမ်မြောက် သွင်းကုန် ကုန်စည်ပြပွဲ၏ လုပ်ငန်းအားလုံး ချောမောစွာ တိုးတက်နေသည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-06-10 15:29:41  

လက်ရှိအချိန်တွင် ပဉ္စမအကြိမ်မြောက် သွင်းကုန် ကုန်စည်ပြပွဲကို မူလအစီအစဉ်အရ တည်ငြိမ်စွာ တွန်းအားပေးနေပြီး လုပ်ငန်းအားလုံး ချောမောစွာ တိုးတက်နေကြောင်း ဇွန်လ ၉ရက်နေ့က ကျင်းပခဲ့သော တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ရှုယွိထင်းက မိတ်ဆက်ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ပဉ္စမအကြိမ်မြောက် သွင်းကုန် ကုန်စည်ပြပွဲသည် ပရော်ဖက်ရှင်နယ် ပရိသတ်များ၏ နာမည်စာရင်း တင်သွင်းမှုနှင့် လှုပ်ရှားမှုများကို ပံ့ပိုးပေးရန် လျှောက်လွှာကို တရားဝင် လက်ခံပြီဖြစ်ကြောင်း၊ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး လှုပ်ရှားမှု၊ ဝန်ဆောင်ရေး အာမခံပေးမှု စသော အခြားလုပ်ငန်းများကိုလည်း အစီအစဉ်အရ ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။