အီရန်အပေါ် ဖိအားပေးရန် အဆိုပြုချက်ကို တရုတ် ကန့်ကွက်

(GMT+08:00)2022-06-10 11:28:51  

အီရန်အပေါ် ဖိအားပေးရန် IAEA အေဂျင်စီအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုရန်အတွက် သက်ဆိုင်ရာ နိုင်ငံများက တွန်းအားပေးမှုကို တရုတ်ပြည်က ကန့်ကွက်ကြောင်း၊ ဖိအားများသည် ပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအတွက် အကျိုးပြုမည် မဟုတ်ဘဲ ပဋိပက္ခများကို ပြင်းထန်လာစေပြီး သံတမန်ရေးအရ ကြိုးပမ်းဆောင်ရွက်မှုများကို ဖျက်ဆီးကာ အခြေအနေ တင်းမာမှုကို အရှိန်မြင့် လာစေနိုင် မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယမန်နေ့ ၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ၈ရက်နေ့က အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့ တင်ပြသော အီရန် အပေါ် အာမခံပေးရေးနှင့် ကြီးကြပ်စစ်ဆေးရေးဆိုင်ရာ အဆိုပြုချက်ကို IAEA အေဂျင်စီအဖွဲ့ကောင်စီက အတည်ပြုခဲ့ပါသည်။ တရုတ်နှင့် ရုရှားတို့သည် ကန့်ကွက်မဲ ပေးခဲ့ကြပါသည်။ ယင်းနှင့်ပတ်သက်၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ကျောက်လိကျန်းက ထိုသို့ပြောကြားသွားခြင်းဖြစ်ပါ သည်။