ကန်က ထိုင်ဝမ်အား အသစ်တစ်ကြိမ် စစ်လက်နက်ရောင်းချမှု ရုပ်သိမ်းရန် တရုတ်တိုက်တွန်း

(GMT+08:00)2022-06-10 11:29:13  

 အမေရိကန်နိုင်ငံက ထိုင်ဝမ်ဒေသအား စစ်လက်နက်များ တင်ပို့ရောင်းချမှုသည် “တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒ” နှင့် “တရုတ်-အမေရိကန် ပူးတွဲစာတမ်း ၃ ရပ်”၊ အထူးသဖြင့် “၈-၁၇ စာတမ်း”ကို ပြင်းထန်ဆိုးဝါးစွာ ချိုးဖောက်ပြီး တရုတ်ပြည်၏ အချုပ်အခြာအာဏာပိုင်မှုနှင့် နိုင်ငံတော် လုံခြုံရေး အကျိုးစီးပွားကို ပြင်းထန်ဆိုးဝါးစွာ ထိခိုက်ကာ တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှုကို ပြင်းထန်ဆိုးဝါးစွာ ထိခိုက်ကြောင်း၊ ယင်းအပေါ် တရုတ်ပြည်က ပြတ်ပြတ်သားသား ကန့်ကွက်ထားပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယမန်နေ့ ၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။