အမေရိကန် ပစိဖိတ်ဒေသ ကြည်းတပ် တပ်မှူးသည် တရုတ်-အိန္ဒိယနယ်စပ်အရေး ကိစ္စအပေါ် ပြဿနာဖြစ်အောင် လှုံ့ဆော်

(GMT+08:00)2022-06-10 14:33:25  

မကြာခင်က အမေရိကန် ပစိဖိတ်ဒေသ ကြည်းတပ် တပ်မှူး၏ တရုတ်-အိန္ဒိယ နယ်စပ် အရေးကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုချက်ကို တုံ့ပြန်သည့်အနေနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက လက်ရှိ တရုတ်နှင့် အိန္ဒိယနယ်စပ် အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်နေကြောင်း၊ တရုတ်-အိန္ဒိယနယ်စပ် ပြဿနာက တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြား ကိစ္စဖြစ်ပြီး နှစ်ဖက်တို့သည် ဆွေးနွေး တိုင်ပင်သည့်နည်းလမ်းဖြင့် ယင်းပြဿနာကိုဖြေရှင်းရန် ဆန္ဒရှိသည့်အပြင် စွမ်းအားလည်း ရှိကြောင်း၊ အမေရိကန်နိုင်ငံမှ သက်ဆိုင်ရာအရာရှိများသည် ယင်းအပေါ် ဝင်ရောက် စွက်ဖက် ပြောဆိုပြီး ပြဿနာဖြစ်အောင် လှုံ့ဆော်ပေးကာ ဆက်ဆံရေး ပျက်စီးစေရန် ဆောင်ရွက်ခြင်းသည် ရွံရှာဖွယ်ကောင်းလှကြောင်း ဇွန်လ ၉ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။