ရှီကျင့်ဖိန်သည် စိချွမ်းပြည်နယ် မေဆန်းမြို့တွင် လေ့လာကြည့်ရှု

(GMT+08:00)2022-06-09 12:47:44  

ယခုလ ၈ ရက်နေ့ မနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် စိချွမ်းပြည်နယ် မေဆန်းမြို့ တုန်းဖောမြို့နယ် ယုန်ဖိန်းရွာနှင့် ဆန်းစူးချီ တို့ကို ခရီးလှည့်လည်ပြီး ယင်းနေရာတွင် စံနှုန်းမြင့် လယ်ယာစိုက်ခင်း တည်ဆောက်မှု တွန်းအားပေးခြင်း၊ သီးနှံများ ထုတ်လုပ်မှု တွန်းအားပေးခြင်း၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးခြင်း၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကောင်းမွန်စွာ ဆောင်ရွက်ခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းခြင်း စသည့် အခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။