လုပ်ဆောင်ချက်များဖြင့် တရုတ်နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများအား ထောက်ပံ့ပေး

(GMT+08:00)2022-06-09 13:54:19  

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဝမ်ရှုဝင်က ယခုရက်များအတွင်း တရုတ်ပြည်သည် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးရန် ထောက်ပံ့ပေးရေး မူဝါဒများကို ချမှတ်ခဲ့ပြီး၊ ယင်းမူဝါဒများသည် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးရန်အတွက် တွန်းအားပေးမည်ဖြစ်ကြောင်း၊ ယင်းနှင့် တစ်ချိန်တည်းတွင် တရုတ်ပြည်၏ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် မိတ်ဖက်များ တစ်နေ့တခြား များပြားလာနေကြောင်း ယခုလ ၈ရက်နေ့က ကျင်းပသည့် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။